menu close
MENU
Area Studies

Area Studies

ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာလေ့လာမှုဆိုင်ရာအဖွဲ့သည် HP သင်တန်းကျောင်းဖြစ်သည်။

ဒေသဆိုင်ရာသုတေသနပြုမှု၏ ရည်ရွယ်ချက်မှာ၊ သက်ဆိုင်ရာဒေသတစ်ခု၏ ဘာသာစကားကိုလေ့လာ၍၊ ယင်းဒေသ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအသိပညာများကိုရယူကာ၊ ‘အခြေအနေကျွမ်းကျင်နှံ့စပ်သူ’ ဖြစ်ရန်သာ မဟုတ်ပါပေ။ သုတေသနပြုလေ့လာသည့်ဒေသနှင့်ပတ်သက်၍ နက်ရှိုင်းစွာစစ်တမ်းအသိပညာရှိထားရန်မှာအရေးကြီးသော်လည်း၊ ယင်းထက်ပို၍အရေးကြီးသည်မှာ၊ ထိုဒေသ၏ သဘာဝဓလေ့၊ ဂုဏ်အင်္ဂါထူးခြားချက်နှင့်၊ တစ်မူထူးခြားသောဖွဲ့စည်းပုံအဆောက်အအုံတို့ကိုဒေသတွင်းနက်ရှိုင်းစွာအမြစ်တွယ်နေသည့်အတွင်းဘက်မှနေ၍နားလည်သဘောပေါက်ရန်ပင်ဖြစ်သည်။

s ယင်းသို့ဖြစ်နိုင်ရန်မှာ၊ သီးသန့်ဖြစ်သောပညာရေးနယ်ပယ်တစ်ခုဖြစ်၊ ဥပမာ လူမှုရေးသိပ္ပံပညာ၊ မနုဿဗေဒ၊ သမိုင်း၊ ရှေးဟောင်းပစ္စည်းတူးဖော်လေ့လာရေးပညာအစရှိသည့်နည်းပညာရပ်များကိုအသုံးပြုနေရုံမျှမက၊ အခြားသောပညာရေးနည်းပညာရပ်များကိုလည်းကိုးကားလေ့လာ၍၊ ပညာရေးနယ်ပယ်ပေါင်းစုံဖြင့် ချဉ်းကပ်လေ့လာသွားရန်လိုအပ်သည်ဟုဆို၏။ နေရာဒေသတစ်ခု၏စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုရေးဖွံ့ဖြိုးမှုအခြေအနေတို့ကို တန်ဖိုးဖြတ်ရန်မှာလူမှုရေးသိပ္ပံနှင့်စီးပွားရေးပညာရပ်များရုံသာမက၊ ယင်းဒေသ၏ပုံပန်းသဏ္ဍာန်ပြောင်းလဲမှုများကိုအတိတ်ကာလမှစ၍စစ်ဆေးသိရှိနိုင်ရန်မှာ၊ သမိုင်းပညာရပ်သည်၊ ထိုလူများ၏ လူမှုရေးအဖွဲ့အစည်း၊ တန်ဖိုးထားရှိမှုစနစ် အစရှိသည်တို့ကို၊ နားလည်သဘောပေါက်နိုင်ရန်အတွက်၊ ယဉ်ကျေးမှုမနုဿဗေဒပညာရပ်၏ စိစစ်ဝေဖန်သောပညာရပ်ဖြင့်၊ ဆန်းစစ်သုံးသပ်ရန်လိုအပ်သည်ဟုဆို၏။

သုတေသနပြုလေ့လာရန်လိုအပ်သည့်ဘာသာစကားဆိုင်ရာပြဿနာရပ်သည်လည်း၊ လွယ်ကူသည့်ပြဿနာရပ်တစ်ခုမဟုတ်ပါပေ။ ယခုမျက်မှောက်ခေတ်တွင်၊ အင်္ဂလိပ်အမေရိကန်ဘာသာစကားသည်၊ လက်တွေ့အားဖြင့်၊ စံနှုန်း (‘နိုင်ငံတကာဘာသာစကား’) အဖြစ်၊ ကျယ်ပြန့်စွာအသုံးပြုနေကြသော်လည်းနေရာဒေသတစ်ခု၏ အကြောင်းအရာများကို၊ အတွင်းကျကျနက်ရှိုင်းစွာနားလည်သဘောပေါက်နိုင်ရန်မှာ၊ ဥပမာအားဖြင့်လေ့တင်အမေရိကဒေသဆိုပါက၊ စပိန်ဘာသာ၊ ပေါ်တူဂီ (ဘရာဇီးလ်) ဘာသာစသည်တို့ကို၊ တတ်ကျွမ်းနားလည်ရန်လိုအပ်လှ၏။ ထို့အပြင်၊ ပါရဂူဘွဲ့သင်တန်းအဆင့်အထိဆက်လက်တက်ရောက်ကာ၊ အထူးပြုသုတေသီတစ်ဦးဖြစ်လာရန်ရည်မှန်းထားပါက၊ လူနည်းစုလူမျိုးစုများ၏ ဘာသာစကားနှင့်၊ ဒေသတွင်းဘုံတူသုံးစွဲသည့်ဘာသာစကားစသည်တို့ကို ဆည်းပူးလေ့လာရန်၊ မလွဲမသွေလုပ်ဆောင်ရမည့်ဖြစ်ရပ်မျိုးလည်းရှိ၏။ ထို့အပြင်၊ ယင်းနေရာဒေသတွင် ပညာသင်ယူမှု၊ ဒေသတွင်းရှိမှတ်တမ်းများ၊ သမိုင်းဆိုင်ရာစာရွက်စာတမ်းများအား စစ်ဆေးလေ့လာမှုစသည်တို့ကိုပြုလုပ်ကာ၊ ကွင်းဆင်းလေ့လာမှုများကို ကာလရှည်ပြုလုပ်သွားရန် လိုအပ်လှ၏။